Sunday, August 10, 2008
Saturday, January 26, 2008
အိပ်မက်ထဲက မျှော်လင့်ချက်တွေ လွတ်ထွက်မသွားပါစေနဲ့
- လက်မြှောက်အရှုံးပေးချင်စိတ်တွေ ပေါ်လာတဲ့အခါမျိုးမှာ
ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုကို ဘယ်တော့မှ မစွန့်လွှတ်ပါနဲ့။
လုပ်နိုင်တယ်လို့ ယုံကြည်မှုရှိနေသမျှ
ကြိုးစားဖို့ အတွက် အကြောင်းရှိတယ်။
- ကိုယ့်ပျော်ရွှင်မှုကို သူတစ်ပါးလက်ထဲထည့်မထားပါနဲ့၊
- အောင်မြင်တာ၊ ရှုံးနှိမ့်တာကို ရုပ်ဝတ္ထုကြွယ်ဝမှုတွေနဲ့ မတိုင်းတာပါနဲ့
ကိုယ့်ဘ၀ရဲ့ ပြည့်စုံမှုကို ကိုယ့်ခံစားချက်များက သာ ပြဌာန်းတယ်။
- ဆိုးတဲ့ အခိုက်အတန့်ကလေးတွေရဲ့ လွှမ်းမိုးသွားမှုကို မခံပါနဲ့
- အကူအညီတောင်းဖို့ မ၀ံ့မရဲဖြစ်မနေနဲ့၊
- -အချစ်ကို ရှောင်မပြေးနဲ့ ရင်ဆိုင်တွေ့လိုက်ပါ၊
- ဖြစ်ချင်တာကို ကိုယ့်ဆီရောက်လာအောင် စောင့်မနေနဲ့၊
ရှိသမျှအားထုတ်ပြီး ရအောင်လိုက်ယူပါ။
- စိတ်ကူးတွေနဲ့ အိပ်မက်တွေ မျှော်လင့်သလို့ဖြစ်မလာလို့၊
ကိုယ့်အကြောင်း၊ ဘ၀အကြောင်း အသစ်တစ်ခုတွေ့ရလေတိုင်း
တိုးတက်မှုရခဲ့တာပဲပေါ့။
- ကိုယ့်ကိုယ်ကိုယ် ရိုသေစိတ်ပျောက်သွားစေမယ့်
ကိုယ်ဘ၀ကိုယ် ကျေနပ်ခြင်းဟာ၊
ဘ၀ကို ကျေနပ်ဖို့ လိုအပ်ချက်ဖြစ်တယ်။
- ရယ်မောဖို့ ဘယ်တော့မှ မေ့မနေနဲ့၊
ဒီနှစ်ခုကိုလုပ်နေခြင်းကြောင့် ဘ၀ဟာ ကျေနပ်စရာ အကောင်းဆုံးဖြစ်နေရတာပါ။
နန်စီဆင်းမ်
Posted by Linker++ at 9:08 PM 0 comments
Friday, January 25, 2008
အမှာစာ (၂)
. .စိတ်ပညာရပ် သည် မည်မျှပင် ကျယ်ဝန်း နက်နဲ စေကာမူ တကယ်တမ်း ထိရောက်စွာ မိမိဘ၀ သာယာ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေး အတွက် ယင်းပညာရပ်ကို အသုံးချကြစို့ဆိုလျှင် မိမိတို့တွင် ကိုယ်စီ ကိုယ်င ရှိနေပြီးဖြစ်သော မိမိတို့ အတွင်း စိတ်တန်ခိုး(Power of Subconscious Mind) ကို စနစ်တကျ အသုံးချတက်၇န်သာ လိုပါသည်။ စစ်စစ် မိမိတို့ အတွင်းစိတ်ကို နေရာတကျ ခိုင်းစေတက်သူသည် မိမိရရှိ ပိုင်ဆိုင်ရမည်ဟု ရည်မှန်းထားသည့် အရာကို အနှေးနှင့်အမြန် ဧကန်ရမည်သာတည်း။ ဤအဆိုပြုချက် မှန်ကန်သည့် အကြောင်းကို ရှေးဟောင်း သမိုင်းနှင့် ခေတ်သစ် ဖြစ်ရပ် များတွင် ထင်ထင် ရှားရှား ထပ်ကာ ထပ်ကာ တွေ့မြင်နေ၇ပေမည်။
ဤတွင် သတိကြီးစွာ ထား၇န်ရှိသည်မှာ မိမိ အတွင်းစိတ်ကို နေရာ တကျ အသုံးမချတက်ပါက၊ ဆိုလိုသည်မှာ အလွဲအလွဲ အမှားမှား အသုံးချသော အခါတွင် ဧကန်ပင် ထိုသူ ဒုက္ခ ရောက်လျက် မှောက်မှောက် မှားမှား ဖြစ်ရလိမ့်မည်ဆိုသော အချက်မှန်ကိုပင်တည်း။

Posted by Linker++ at 5:09 PM 0 comments
စိတ်ပညာ
လူအားလုံးလောက်ပင် မိမိတို့ ဘ၀ တသက်တာ၏ အများဆုံးအချိန်ပိုင်းကို မိမိတို့ ဘ၀ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေးအတွက် အသုံးချနေကြသည်။ ယင်းအချိန်အတွင်း ၌ မိမိတို့ ရည်မှန်းရာ ပန်းတိုင်သို့ ရောက်နိုင်မည့် လမ်းကို ရှာကြံကြရသည်။ အချို့တို့မှာ လမ်းပေါ်တွင် လျှောက်မိလျက်သားဖြစ်နေကြသော်လည်း အချို့တို့မှာ စမ်းတ၀ါးဝါး နိုင်လှသည်။ အများစုမှာ မျက်စိလည် လမ်းမှားလျက် လမ်းမှန်ပေါ်သို့ မရောက်နိုင်ဘဲ တ၀ဲလည်လည် ဖြစ်နေကြသည်ကို တွေ့မြင်နေကြရ၏။ သို့အတွက် ထိုသူတို့အနက် စိတ်ပျက်လက်လျှော့ နေကြရသူလည်း အများအပြားပင် ရှိနေကြသည်။
ဤတွင် ထိုသူတို့အတွက် .. မိမိတို့ဘ၀ အောင်မြင်လျက် စိတ်ပျော်ရွှင်နိုင်ရေးပန်းတိုင်သို့ အရောက်ပို့ဆောင် ပေးနိုင်စွမ်းရှိသည့် လမ်းညွှန်ပညာရပ်သည် မရှိတော့ပြီလော့...ဟု မေးဖွယ်ရာရှိ၏။..
..ရှိပါသည်။ ထင်ထင်ရှားရှားပင် ရှိနေပါသည်။... ဟု ဖြေဆို၇ပါမည်။..
ယင်းပညာရပ်မှာ အခြေခံအားဖြင့် စိတ်ပညာ ရပါတည်း...
ထိုအ၇ာများ သည် အောင်ဝင်း (စိတ်ပညာ) ရဲ့ သင့်အတွင်းစိတ်၏ အလွန်ကြီးမားသောတန်ခိုး သုံးပါ စာအုပ်မှာ ကောက်နုတ်ထားပါသည်။ ...ဖတ်ကြည့်ကြပါ ...အခါအခွင့်ရှိ၇င် နောက်ထပ် ထုတ်နုတ်ပေးပါအုန်းမယ်ခင်ဗျာ
လေးစားစွာဖြင့်
အလင်းရောင်

Posted by Linker++ at 3:12 PM 0 comments
Wednesday, January 23, 2008
ဖေဖော်ဝါရီ ဆယ့်လေး
ဖေဖော်ဝါရီ ဆယ့်လေး
အာရင်ဘက်က ပြောတယ်
နာ နာခံစားတက်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာက်ပုံမော်ဒယ်မလေးရေ
ကြီးတောင့် ကြီးမားကျမှ အသည်းကွဲတဲ့ ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တက်သူများ
ရွှေအတိချထားသောလက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။...
Posted by Linker++ at 5:26 PM 0 comments
Friday, January 4, 2008
သတင်း၏ ကောင်းမွေ ဆိုးမွေ
( ၉-၅-၂၀၀၇ ) နေ့ထုတ် Middle Line ဂျာနယ်မှာ ဆရာကံချွန် ရေးသော ' သတင်းစာ ဂျာနယ် လောကကို ဖြတ်သန်းခြင်း-၅ ' ဆောင်းပါးကို ကောက်နုတ် ဖော်ပြရလျှင်-
" ဟိုတုန်းက သတင်းထောက် များမှာ သက်ဆိုင်ရာ တိုက်မှ ပေးထားသော နံပါတ်များသာ ရှိသည်။ သတင်း အောက်ခြေတွင် နာမည်ကို ဖော်ပြရိုး ထုံးစံ မရှိပါ။ ထို့ကြောင့် သတင်း တစ်ပုဒ် အတွက် ဂုဏ်ပြု လိုလျှင် ဖြစ်စေ၊ သတင်း တစ်ပုဒ် အတွက် မကျေနပ်၍ ဖြေရှင်း ရလျှင် ဖြစ်စေ အရေး ခံရသူသည် အယ်ဒီတာထံ ရောက်လာရသည်။ ဂုဏ်ပြု လိုလျှင်မူ သတင်းထောက်ကို ပေးတွေ့ ပေး သော်လည်း ဖြေရှင်း ရမည့် ကိစ္စ ဆိုပါမူ အယ်ဒီတာက ဖြေရှင်းသည်။
ယနေ့ တွင်မူ ယခင်နှင့် မတူတော့။ သတင်း ရေးသူ၏ အမည်ကို သတင်း အောက်ခြေမှာ ဖော်ပြ လာကြ သည်။ ဤသို့ ပြောင်းလဲခြင်း၏ အကျိုးဆက် အဆိုးအကောင်းကိုမူ ကျွန်တော် မှတ်ချက် မချ လိုပါ။
ထိုသို့ ဖော်ပြ လာသည့် အတွက် ' ကလောင် သိက္ခာ ' ထူထောင်ရန် မှာမူ ပို၍ အရေးကြီး လာကြောင်း ကိုတော့ ပြောလို ပါသည်။ သတင်း၏ ကောင်းမွေ ဆိုးမွေသည် သတင်း ရေးသူ နှင့်သာ တိုက်ရိုက် သက်ဆိုင် နေပါပြီ။

Posted by Ko Yoe Kunt at 2:44 AM 0 comments
Thursday, January 3, 2008
သတင်းစာ ဆရာကြီး နှစ်ဦး ပြောသော စကား
ဆ ရာ ဇ၀န (၁၉၁၁-၁၉၈၃) က " သတင်းစာသုံး မြန်မာစာသည် တိုတောင်း ရသည်။ ' သူတစ်ပါး၏ ဥစ္စာ ပစ္စည်းကို ခိုးယူခြင်း မပြုရ' ဟူသော အရေး အသားသည် ကျမ်းစာသုံး ဖြစ်၏။ ထို အသုံးအနှုံး မျိုးကို သတင်းစာ၌ မသုံးရ။ သတင်းစာ သုံးမှာ ' သူ့ ဥစ္စာကို မခိုးရ ' ဟု ရေးရ လေသည်။ ထိုဝါကျ နှစ်ခုကို ယှဉ်ကြည့်မည် ဆိုပါက သတင်းစာသုံးမှာ စကားလုံးလည်း နည်းသည်၊ ပို၍ လည်း ရှင်းလင်း ပြတ်သား သည်ကို တွေ့ရမည်။"
ထို့ပြင် ဆရာက " သတင်းစာသုံး မြန်မာစာတွင် ' ရေမျက်နှာပြင် ပေါ်၌ ပေါ်တန်း နေသော ငထွေ ငါးကြီးကို ခဲ အုတ် ကျောက်ဖြင့် ပစ်ပေါက် လိုက်မှ အထက် အဆိုပါ ငထွေ ငါးကြီးသည် မြစ်ရေအောက် ထဲသို့ ငုပ်လျှိုး သွားလေ တော့သည် ' ဟူသော အရေး အသားကို လုံးထပ် စကားပိုတွေ ဖယ်ပြီး ' မြစ်ထဲ၌ ပေါ်နေသော ငါးကြီးကို ခဲနှင့် ပစ်လိုက်ရာ ရေထဲသို့ ငုပ်လျှိုး သွားလေသည် ' ဟုရေးမှ သတင်းစာသုံး မြန်မာစာ အရေး အသားဟု ဆိုနိုင်မည် " ဖြစ်ကြောင်း ရေးသား ညွှန်ပြခဲ့သည်။

ငဘ၊ ကိုဒေါင်း စသော ၀တ္ထု တို့ဖြင့် ကျော်ကြားသော ဆရာမောင်ထင် ( ၁၉၀၉-၂၀၀၆ ) ကလည်း " စာ အရေးကောင်းသည့် လက္ခဏာမှာ မိမိ ဆိုလိုရင်းကို သူတစ်ပါး ဒက်ခနဲ နားလည်အောင် ရေးနိုင်ခြင်းပင် ဖြစ်သည်။ ခက်ခဲနက်နဲသော အချက်အလက်များကိုပင် သူတစ်ပါး ရှင်းရှင်းလင်းလင်း သိလွယ်အောင် ရေးနိုင်လျှင် စာရေးကောင်းသည်ဟု ဆိုရမည်ဖြစ်၏ " ဟု လမ်းညွှန် မှာကြားခဲ့သည်။
Posted by Ko Yoe Kunt at 2:00 AM 0 comments
Subscribe to:
Posts (Atom)